Friday, November 7, 2008

ကွယ်ရာအချစ်


စိတ်မကောင်းပါဘူး၊
တိတ်ကြောင်းလဲ မပြောပါနဲ့တော့၊
ပြီးခဲ့ပြီပဲ၊
ဆိုလာတဲ့ သူ့စကား၊
ငါ ဘယ်လို ကြားသလဲ၊
မစဉ်းစားတတ်ပါ။

ပြီးခဲ့ပါပြီ၊
ဒါပေမဲ့ ရင်ထဲမှာ၊
သူပေးခဲ့တဲ့ ဝေဒနာ၊
အသေချာ ရှိနေဆဲ၊
ပြီးလဲ မပြီးချင်သေး၊
ချစ်မြဲချစ်နေ ချင်တယ်။

အရူးတစ်ယောက်ရဲ့ အိမ်မက်၊
အတိတ်ရဲ့ အရိတ်တစ္ဆေ၊
ခပ်ထွေထွေ ၀င်ပူးတော့၊
နင် အရူးလို့ ဆိုမလား၊
ဝန်ခံဖို့ အဆင်သင့်။

ဆိုစကားတွေချဲ့၊
ငိုအားအောင် တမင်နှောက်ပါနဲ့၊
ကိုချစ်တာ သူလေသိနေရက်၊
ယိမ်းနွဲ့ ဝေးရှောင်။

စိမ်းတဲ့ သူရယ်၊
အထိမ်းမဲ့အောင် မလုပ်ပါနဲ့၊
ငဲ့ပြန်လှည့် ကြည့်စေချင်။
ယခင့်လို စိတ်ထား။

သခင် မကြည့်ပေမဲ့၊
သခင်သိရင် ကျေနပ်ပါရဲ့၊
သခင်ကွယ် မမြင်အရပ်မှာ၊
ဝေဒနာ ခြေယာအသစ်တွေနဲ့၊
ချစ်သွားမှာပဲ။

No comments:

Post a Comment

The comment given by you is my teacher and treasure.