
ဒီဓာတ်ပုံထဲ သင်ဘာကို အဓိကတွေ့ရလဲ မေးရင်၊ ရဲသားတစ်ယောက် (Sit-ups)ထိုင်ထလုပ်နေတာတွေ့တယ်လို့ ဆိုမယ်ထင်တယ်။ တကယ်တော့ Police လို့ခေါ်တဲ့ ရဲမဟုတ်ပါဘူး။ Security Guard လို့ခေါ်ရတဲ့ လုံခြုံရေးအစောင့် တစ်ယောက်ပါ။ အင်ဒိယနိုင်ငံ၊ ဘုံဘေ (မုန်ဘိုင်း)မြို့ရှိ အရောင်းဆိုင်တန်းတွေရှေ့မှာ မနေနိုင်မထိုင်နိုင် ပါးစပ်ချဉ်လာပြီး ဆေးလိပ်သောက်မိလို့ အဲဒီလို ထိုင်ထအလုပ်ခိုင်းပြီးအပြစ်ပေးခံရသတဲ့။ အင်ဒိယနိုင်ငံမှာ လူထုမြင်ကွင်းဆေးလိပ်မသောက်ဖို့ လောလောဆယ် တားမြစ်ထားတယ် ဆိုပဲ။
မြန်မာပြည်မှာလဲ အဲဒီလိုစည်းကမ်းတွေ ဘာတွေထုတ်ပြီး မလိုက်နာတဲ့လူတွေ့ရင် ထိုင်ထလုပ်ခိုင်းလို့ကတော့ ဆေးလိပ်သောက်တဲ့လူတွေ ကျမ်းမာရေး အတော်ကောင်းသွားဖို့ရှိတယ်။ မိတ်ဆွေ အင်ဒိယနိုင်ငံများ သွားဖို့ရှိရင် ဆေးလိပ်ကို ကြည့်သောက်နော်။ တော်ကြာ ထိုင်ထ အလုပ်ခိုင်းခံနေရဦးမယ်။ ချစ်လို့ သတိပေးတာပါဗျာ။
No comments:
Post a Comment
The comment given by you is my teacher and treasure.