Monday, October 20, 2008

ဖျောက်ချက်


တွေးမိတိုင်း အသက်ရှူကြပ်တယ်၊
အသက်ရှူတိုင်း တွေးမိတယ်၊
သခင့်စကားတစ်ခွန်း၊
လမ်းခွဲကြစို့ တဲ့။

ချို့ယွင်းချက်တစ်ခု၊
ကျနော့်ရဲ့ ပြစ်မှုကတော့၊
ကျနော် သိရသလောက်ဆို၊
သူ့မွေးနေ့ကို မေ့ထားလို့ တဲ့။

အောက်တိုဘာ ၁၈ ဟာ၊
သခင့်ရဲ့မွေးနေ့ ပါပဲ၊
သတိရပေမဲ့၊
ကိစ္စတွေက ၀င်ရှုပ်တော့၊
မေးလ်တောင် မပို့နိုင်အား၊
တမင်လုပ်တယ်လို့ သခင်ထင်သလား၊

Happy Birthday to you!
မွေးနေ့လွန်မှ ပို့ဖြစ်တော့၊
ဆို့နင့်တဲ့ အသံလေးနဲ့၊
တောင်းပန်တာလဲ လက်မခံ၊
ငြင်းဆန်တဲ့ သခင့်စကား၊
ငါ နားကြားမှားပါစေ။

ရေစက်ကုန်တဲ့ ကြမ္မာ၊
ရင်မှာ ၀င်မွှေရော့သလား၊
သောကတွေ ဝေဆူလို့၊
နေပူပူ ရေမသောက်ရသလို၊
အနေမဖြောင့်တာတော့ အမှန်ပါပဲ။

သက်ပြင်း အကြိမ်ကြိမ်ချ၊
တမှိန်မှိန် လန်းတယ်မရှိပါဘူး၊
နွမ်းနယ်တဲ့ နှလုံးနဲ့အတူ၊
လွမ်းတယ်ဆိုတာလဲ မပြောချင်တော့၊
သခင့်သဘောပါပဲ။

အပြစ်ရှိသူမို့၊
သခင့်သိအောင်တော့ တောင်းပန်ချင်၊
အကြောင်းမှန်ကို လက်ခံဖို့၊
ထက်ဉာဏ်လဲ မဆင်လို၊
သခင် လိုမကျရင်ဖြင့်၊
ဘ၀င်မှာ သွေးဆူပွက်စေတော့၊
အရေးယူလဲ ခံမယ့်သူ။

အခက် ပြေလျော့အောင်၊
အသက်ကို တိုင်ကာဆိုပါ့မယ်၊
အမျက်မသိုပါနဲ့တော့၊
သခင်ရယ်----
မာန်လျှော့ပါလှဲ့။

မင်းထက် (မောင်းမကန်)

No comments:

Post a Comment

The comment given by you is my teacher and treasure.