Friday, October 10, 2008

ကျမဘာကြောင့်တွေဝေနေခဲ့သလဲ

ကျနော်ကျောင်းကပြန်ရောက်တဲ့အခါတိုင်း နေ့လည်စာမစားမီ အရင်ဆုံးလုပ်တဲ့အလုပ်က ကျနော်ပိုင်သတဲ့ လက်ပတော့ပ်အစုတ်လေးကို မညှာမတာ ၀ုန်းဒိုင်းနဲ့ဖွင့်ပြီး အွန်လိုင်းပေါ်မှာ ဘယ်နတ်ဒေ၀ါ၊ ဘယ်ဗြဟ္မာတွေ သွားလာကျက်စား၊ လှုပ်ရှားနေကြပါလိမ့်။ အဘယ်လူသား၊ ဒုက္ခသည်များကို၊ ကူညီလေးပြု၊ စောင်မကြည့်ရှုရမှာပါလိမ့်ဆိုပြီး စူးစမ်းလိုက်တယ်။ အဲဒါကျနော် နေ့စဉ်လုပ်နေကျ မဟာ့မဟာ လွန်စွာကြီးကျယ်ခန်းနားလှတဲ့ တာဝန်ကြီးတစ်ရပ်။

ဒီနေ့တော့ အနန္တစကြာဝဠာမှာ ရှိကြတဲ့ဒုက္ခသည်တွေထဲမှ တစ်ယောက်သောသူက ကျနော့်ရဲ့အွန်လိုင်းစကြာ ဖန်သားပြင်ပေါ်မှာ ဘွားကနဲလာပေါ်ပြီးတော့---
ဘိုးတော်ဘုရား---ဆောရီးဆောရီး ယောင်လို့။ ကျနော်က ငယ်ငယ်လေးရှိသေးတယ်။ ဘော်ထိုးတဲ့ ဘိုးတော်ဘွဲ့နဲ့မတန်သေးဘူး။
ကိုမင်းထက်ကို တိုင်ပင်စရာလေးနည်းနည်းရှိလို့ပါ တဲ့။ ကျမသိချင်တာတွေလဲ နည်းနည်းပါးပါးမေးချင်ပါတယ် တဲ့။ ကျနော်လဲ ဒါမျိုးချောင်းနေတဲ့ကောင်ဆိုတော့ ဆရာကြီးလေသံနဲ့ အဟန်းအဟန်းနဲ့ ချောင်းနှစ်ချက်ဆင့်ဟတ်ပြီးတော့ ကဲ မေးစေ---။ အဲ--ဟုတ်ပါဘူး။ မေးပါဗျာ လို့တုန့်ပြန်လိုက်တယ်။

ဒီနေ့လေ ကျမဈေးသွားပါတယ်။ ဈေးထဲရောက်ပြီးကာမှ ကျမဘာတွေဝယ်ရမှန်းမသိဘဲဖြစ်သွားတယ်။ အဲဒါ ဘာကြောင့်ပါလဲရှင်--တဲ့။ ဟောဗျာ။ ရှားရှားပါးပါးမေးလဲ မေးတတ်ပါ့ဗျာ။ အဲဒါကို ကျနော်က တစ်ပင်တိုင်ဖြေတာမျိုးမဟုတ်ပဲနဲ့ ဒိုင်ယာလော့ဂ်လုပ်ပြီးဖြေတယ်။ သူနဲ့ကျနော်ပြောတဲ့စကားတွေဟာ အောက်ပါအတိုင်းပါပဲ။

23:55 de: ကျွန်မဒီနေ့ ဈေးသွားဝယ်တာ တစ်ခုခုဆုံးဖြစ်ဘို့အတွက် အကြာကြီးစဉ်းစားနေရတယ်။ အဲဒါဖြစ်နေကျမဟုတ်ဘူး။ အသက်ကြီးလာလို့ဒီလိုဖြစ်လာတာလား။

me: မဟုတ်ပါဘူး။ တခြားတွေးစရာတွေရှိနေလို့ပါ။

de: ကိစ္စတစ်ခုကို ဘာလိုဆုံးဖြစ်ချက်လွယ်လွယ်မချနိုင်တော့တာလဲ။

me: နောက်တစ်ခုက ဘာပြီးရင်ဘာလုပ်မယ်ဆိုတဲ့ Schedule ကို ကြိုတင် မချထားတဲ့အခါမှာဖြစ်စေ၊ ဘာလိုအပ်သလဲဆိုတဲ့ မိမိလိုအပ်ချက်ကို တိတိကျကျ မသိတဲ့အခါမျိုးမှာဖြစ်စေ အဲလိုဖြစ်တတ်တာ ထုံးစံပဲလေ။ အဲဒါဟာ အသက်နဲ့မဆိုင်သလို ပညာနဲ့လဲ လုံးဝမဆိုင်ဘူး။ ပြောမယ်ဆိုရင် ပညာတတ်လေလေ အဲလို ဆုံးဖြတ်ချက်ချဖို့ ခက်လေလေ ဖြစ်တတ်တယ်။

de: ဟုတ်။

me: တစ်ခုရှိတာက လွယ်လွယ်မဆုံးဖြတ်တတ်တာနဲ့ ဆုံးဖြတ်ချက်ကို လွယ်လွယ်မချနိုင်တာဟာ အတော်ကွာခြားတဲ့ အရည်အချင်းနှစ်ခုလို့ထင်တယ်။ တစ်ခုက အပေါင်း၊ နောက်တစ်ခုက အနှုတ်သဘောရှိတယ်လို့ ယူဆတယ်။

de: ဟုတ်လား

me: တိုတိုဖြေရရင်တော့ ဆုံးဖြတ်ချက် လွယ်လွယ်မချနိုင်တာဟာ ကိုယ့်လိုအပ်ချက်ကို တကယ်မသိလို့ ဖြစ်တာလို့ ဆိုချင်တယ်။

de: ထပ်ရှင်းပြပါလား

me: အမမေးခွန်းရဲ့အဖြေကတော့ အခုနောက်ဆုံးပြောတဲ့အတိုင်းပါပဲ။ ကျနော်ပြောတဲ့စကားကို ထပ်ရှင်းဖို့တော့ မလိုဘူးထင်တယ်။ အဓိပ္ပါယ်ကို အမလဲ သိမှာပါ။

de: ဟုတ်မှာပါ။ အဓိက ကတော့ ရည်ရွယ်ချက် မရှိလို့နေမှာပါ။

me: လွယ်လွယ်မဆုံးဖြတ်တတ်တဲ့သဘောဟာ စဉ်းစားချင့်ချိန်မှုပါတယ်၊ အကြောင်းအကျိုးကို တွက်တယ်။ လိုချင်တဲ့အကျိုးအတွက် ပေးရမယ့်အကြောင်းကို စာရင်းလုပ်တယ်။ ပီးမှ ဆုံးဖြတ်တယ်။ ဒါဆို အိုကေပဲ။ ဒါပေမဲ့ လွယ်လွယ်မဆုံးဖြတ်နိုင်တဲ့သဘောကတော့ အဲလိုဆုံးဖြတ်နိုင်လောက်အောင် ကိုယ်ပိုင်ဥာဏ်မရှိတာကြောင့်လို့ ယူဆတယ်။ ကိုယ့်ကိုယ်ကို ယုံကြည့်မှုအားနည်းရင် အဲလိုဖြစ်တတ်တယ်။ ဆုံးဖြတ်ရင်လဲ မှားနိုင်တယ်။ အဲလို ကွာတယ်လို့ ယူဆတယ်။

de: ဒါဆို ကျွန်မက ကိုယ့်ကိုကိုယ် ယုံကြည်မှုအားနည်းတာဖြစ်နိုင်ပါတယ်။ ဒါက ပိုဖြစ်နိုင်ချေများတယ်။

me: ကိုယ့်ကိုယ်ကို scrutinize လုပ်ကြည့်ပေါ့။

de: ဘယ်လိုလုပ်ရမလဲ။ နည်းလမ်းလေးရှိရင်ပြောပါဦး။

me: လုပ်ရမှာက။ ကိုယ်လာတဲ့ လမ်းကြောင်းမှာ ကိုယ်ရခဲ့တဲ့ အောင်မြင်မှုနဲ့ လက်လွှတ်လိုက်ရတဲ့ ဆုံးရှုံးမှုတွေကို မှတ်မိသလောက် စာရင်းလုပ်ရမယ်။

de:။ ဟုတ်။

me: ဘာကြောင့်အောင်မြင်ခဲ့သလဲ၊ ဘာကြောင့်ဆုံးရှူံးခဲ့သလဲ၊ ဆိုတဲ့ မေးခွန်းတွေအဖြေကို တိတိကျကျ သိလာရမယ်။

de: ဟုတ်။

me: အဲလို သိလိုက်တာနဲ့ ယုံကြည့်မှုဟာ အလိုလို တိုးလာတယ်။ ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိဖို့အတွက် ကိုယ့်ရဲ့ ဥာဏ်နဲ့ ကြိုးပန်းအားထုတ်မှု နှစ်မျိုးကို ချိန်ခွင်ညှီပေးရမယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးဆီမှ သွားပီး ကိုးကွယ်ဆည်းကပ်နေဖို့မလိုဘူး။ ဘယ်သူမှလဲ မတတ်နိုင်ဘူး။ ကိုယ့်အသိဥာဏ်နဲ့ ကျိုးစားမှုကြောင့် အောင်မြင်မှုတွေ ရလာတယ်လို့ ခဏခဏတွေးရမယ်။ တကယ်လဲ အဲလိုပဲ လက်ခံရမယ်။

de: လုပ်ကြည့်မယ်။

me: ဒါဆို ကိုယ့်ကိုယ်ကို ယုံကြည့်မှုရလာမှာ သေချာတယ်။ အိုကေလား။

de: နည်းနည်းအားတက်လာသလိုပဲ။ ကောင်ဆယ်လာ လုပ်ကြည့်ပါလား။

me: အဲဒီလိုဖြစ်ရမှာပေါ့။ ၀င်ငွေကောင်းရင်တော့ လုပ်မယ်၊ ဟားဟား။ ကဲ အမရေ့ အိပ်တော့မယ်နော်။

de: ဟုတ်ကဲ့။

me: မင်္ဂလာညချမ်းပါနော်။

de: ကျေးဇူးပါပဲ။

me: ကြိုဆိုပါတယ်ဗျာ။

ကျနော်လဲ သူမေးတာတွေဖြေပြီး နာရီကြည့်လိုက်တော့ မနက် (၁၂)ခွဲ။ ပုံမှန်အိပ်နေကျ အချိန်ကွက်တိပါပဲ။ ကျနော်က အဲလောက်မှ ပုံမှန်အိပ်နေရာဝင်နေကျ။ ဒါပေမဲ့ အဲဒီနေ့က ကျနော်ကောင်းကောင်းအိပ်မပျော်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ငါဖြေခဲ့တာတွေ၊ ပြောခဲ့တာတွေဟာ သူ့အတွက်တကယ်အားတက်စရာတွေဖြစ်သွားတာရော ဟုတ်ရဲ့လားလို့ တွေးနေမိတယ်။

1 comment:

  1. thu myar twe ye question twe ko answer pay mae time twe ko sis lay ko pay par lar
    di mar sar twe nar ma lae lo
    lar shin pya ohn
    exam shi tae naw
    bibi
    hay assignment and presentation also
    naw

    ReplyDelete

The comment given by you is my teacher and treasure.