Sunday, March 28, 2010

ဒီသူငယ် ဘာလူမျိုး


ရေချိုချို အရှာထွက်
အိုးနားပဲ့ကိုကိုင်
ခပ်ယိုင်ယိုင် လျှောက်နှေး
ရေချိုချို ရှာမတွေ့
သောင်စပ်မှာ ငိုင်
ဘယ်သူလဲ မေး?

အသားက ညိုမှောင်
ကတုံးက ပြောင်ပြောင်နဲ့
ဒီသူငယ် ဘယ်လူမျိုးပါလိမ့်
ဆိုမာလီ အီသီယိုးလေလား
စိတ်ကူနဲ့ ပုံဖေါ်ကြည့်
တွေးမိချေသေး။

ရာသီကယ် သွေ့ချောက်
ရေပျောက်တဲ့ နွေ
ဆင်သေတဲ့ ချောင်းဘေး
လက်ရက် တွင်းငယ်ဝ
အုန်းမှုတ်ကယ် ကူပါလို့
မြေအိုးကို သူရေဖြည့်
ကြည့်စမ်းကွဲ့လေး။

အိုးနံရံ ပတ်လျှောက်
မြင်ရတဲ့ ရေးစာ
အသေအချာ ဖတ်ဝေး
လောကရဲ့ အမှန်သဘော
ဖွင့်ဟလို့ အသေချာ
ဒေသနာ ပစ္စယော တဲ့
ဒီသူငယ် မြန်မာဖြစ်ပါရဲ့
မှန်တကယ် အညာသားပါကွဲ့
လောင်းလိုက်ချင်သေး။


6 comments:

  1. သုဒြေ္နMarch 28, 2010 at 9:18 AM

    အိုးကလေးမြင်ရ ရင်ဝမချမ်းသာ တကယ်ဘဲမြန်မာစစ်စစ် ရွှေဘိုသားဖြစ်တော့ သည် ရွှေအစစ်ပါလို့ ကြွေးကြော်နေတဲ့  ရွှေပြည်တော်ရယ် မျှော်လေတိုင်း ဝေးပါပေါ့ လား

    ReplyDelete
  2. ဟုတ်ပါရဲ့  သူက ရွှေ တိုင်းပြည်ကပဲ။

    ReplyDelete
  3. ရေချိုတပေါက် သောက်ရဖို့ အရေး ၊
    ရွှေပြည်သားတွေ ဒီလောက်အခက်ရောက်နေသေးပေမဲ့၊
    တို့  ဘဘရွှေနဲ့ဆွေမျိုးပေါင်းဖေါ်တသိုက် ၊
    ခပ်မိုက်မိုက်တို့  ဘီယာချိုမွှေး အစုံလွေးပါလို့
    ခက်ရချည်သေး......

    သခင်မျိုးဟေ့ ဒို့ ဗမာ ။
    ခုတော့ ကမ္ဘာအနှ့ံ ကျွန်ခံနေကြရတာလည်း
    ရင်နာမိသေး ။ ။

    ReplyDelete
  4. ဖြစ်မှဖြစ်ရလေနော်။
    မောင်လေးကဗျာလေးကလည်း ပုံလေးနဲ့ထပ်တူ စိတ်မကောင်းစရာပဲ။

    ReplyDelete
  5. ရွှေချင်းတော့ စာလုံးပေါင်း တူပါရဲ့.....
    ကံခြင်းတော့မတူအောင်..
    စွမ်းနိုင်တဲ့ သူပါလေး....

    ReplyDelete
  6. အကို ကျွန်တော်တို့ အညာမှာ အဲ့သလို ရေမရှားပါဘူးဗျ။ ရွှေဘိုကလည်း မဖြစ်နိုင်ဘူး။ ဘယ်ကလဲဗျ။

    ReplyDelete

The comment given by you is my teacher and treasure.