Tuesday, October 6, 2009

သူတော် သူယုတ် ကွာခြားချက်


ဂစ္ဆတံ ခလနံ ကွာပိ၊
ဘ၀တယျေဝ ပမာဒတော။
ဟသန္တိ ဒုဇ္ဇနာ တတ္ထ၊
သမာဒဟန္တိ သဇ္ဇနာ။
(ပေါရာဏနီတိ)

“တစ်ရံတစ်ခါ တစ်နေရာရာမှာ အေးအေးဆေးဆေးလမ်းလျှောက်နေကြသူများသည်ပင်လျှင်၊
သတိချော်ပေါ့ မေ့လျှော့မှုကြောင့် ချွတ်ချော်တိမ်းပါး ရိုင်လဲသွားရသည်များ ရှိတတ်ချေသေး၏။
ယင်းသို့ သူတစ်ပါးတို့၏ မခိုင်တိမ်းပါး ချော်လဲသွားသည်ကို မြင်ရသောအခါ
ကိုယ်ချင်းမစာ သူယုတ်မာတို့သည် မညှာထောက်တွေး ရယ်သွမ်းသွေးကြကုန်၏။
ကိုယ်နှင့်တိုင်းတာ နှိုင်းယှဉ်ရာဟု အသိမှတ်ပြုတောင်း သူတော်ကောင်းတို့သည်ကား
အမြန်ပြေးသွား အလေးထားလျှက် ကူညီဖေးမ ထူပေးကြကုန်၏။
(ရှေးဟောင်းဆုံးမစကား)

1 comment:

  1. ဒီစကားပုံလေးကိုသိပ်နှစ်သက်လို့ကူသွားပါ
    တယ်။စာရေးဆရာကြီးရေ..........။

    ReplyDelete

The comment given by you is my teacher and treasure.