Tuesday, October 13, 2009

ကိုယ့်အဖြစ်နဲ့ ကိုယ်


မျက်ရည် တစ်စက်
ပါး တစ်ဘက်သို့
ဒက်ကနဲကျ
ကိုယ့်မျက်နှာ တစ်ဘက်လွှဲ
အသဲက ဒဏ်ရာကို ဖုံးဖိ
သူ မသိပါစေနဲ့။

သွေးစက် တစ်စက်
ဓား ထက်ထက်ကြောင့်
ရှထိ လက်မှ
ထွက်ကာကျတဲ့ အခါလဲ
လက်က ဒဏ်ရာကို ဖုံးဖိ
သူ မကြည့်ပါစေနဲ့။

ချွေးစက် တစ်စက်
ပင်ပန်းချက်ကြောင့်
ကိုယ်မှ ထွက်ကျ
အိမ်ပြန်ရတဲ့ အခါလဲ
ကိုယ့်ရဲ့ပင်ပန်းမှုကို ဖုံးဖိ
သူ မရှိပါစေနဲ့။

3 comments:

  1. ဘာလို့မသိစေချင်တာလဲ .... တခါတလေကျတော့လဲ သိတာကောင်းသလားလို့ ....

    ReplyDelete
  2. သားသားမင်းထက်က ဓားကို ဘယ်လိုကိုင်လို့  ၊အသည်းကွဲ လက်ရှ ဖြစ်ရတာလဲ .. ဂရုစိုက်မှ ပေါ့ ကွယ် ။ချွေးထွက်တတ်ရင်လည်း တစ်ရှူးလေး ဆောင်ထားပေါ့ ။း)

    ReplyDelete
  3. မောင်လေး ဘယ်လိုဖြစ်?????????
    အဆင်ပြေအောင်နေလေ။း))

    ReplyDelete

The comment given by you is my teacher and treasure.